မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်သရုပ်ပြပွဲ နေပြည်တော်၌ ကျင်းပ

နေပြည်တော်၊ မေလ (၆) ရက်

     “မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ နှင့် သရုပ်ပြပွဲ” ကို မေ(၆)ရက် ညနေ(၄း၀၀)နာရီတွင် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ နေပြည်တော်ကုသရေးဦးစီးဌာနမှ၊ ဒုတိယနေပြည်တော်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်း မှ “မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ” သည် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ စနစ်တကျ သိရှိဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကြောင်းနှင့် လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အမှာစကားပြောကြားပါသည်။

 

     ပုဗ္ဗသီရိမြို့နယ် ဒု-မီးသတ်ဦးစီးဌာနမှူးဦးညီညီဝင်းမှ ပုဗ္ဗသီရိတွင် မီးသတ်စခန်း(၂)ခုရှိကြောင်း၊ မီးငြိမ်းသတ်ခြင်းအပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများနှင့် ပတ်သက်သည့် အတွေ့အကြုံများအား ရှင်းလင်းပြောကြားပြီး သတိနှင့်မီးဘေးအန္တရာယ်ကို တည်ငြိမ်စွာထိန်းချူပ်ရန်၊ မီးဘေးအန္တရာယ်တွေ့ကြုံလာပါက သင့်(၄)သင့်၊ မြန်(၃)မြန်ဖြင့် ဆောင်ရွက်ရန်၊ မီးသတ်ဆေးဘူးများအား အမြန်ဆုံးယူနိုင်မည့်နေရာများတွင်ထားရှိရန်၊ Gas အိုးများ ထားရှိပါက လေဝင်လေထွက်ကောင်းသော နေရာတွင် ထားရှိရန်နှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ဆောင်ရွက်ရသည်များအား Vedio ဖိုင်များဖြင့်လည်းကောင်း၊ လက်တွေ့သရုပ်ပြ၍လည်းကောင်း ပညာပေးဟောပြော၍ နေပြည်တော် ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သရုပ်ပြပြီး ညနေ(၆:၀၀)နာရီတွင် ရုတ်သိမ်းလိုက်သည်။

More Tags