မှော်ဘီမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျေးရွာများ၊ ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော်

ရန်ကုန်မြို့၊ (၂၀၂၀) ခုနှစ်၊ မတ်လ (၂၇) ရက်

     (၂၇.၃.၂၀၂၀) ရက်နေ့တွင် မှော်ဘီမြို့နယ်ကျန်းမာရေးဉီးစီးဌာနမှ အခြေခံကျန်းမာရေးပညာရှင်များသည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် loud speaker ဖြင့် ရပ်ကွက်များ၊ ကျေးရွာများအတွင်း လိုက်လံနှိုးဆော်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ကြေညာထားသော ကျန်းမာရေးပညာပေး သတင်းအချက်အလက်များကို ပြည်သူများ ကြားသိရှိပြီး လိုက်နာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ နှိုးဆော် အသိပေးရခြင်းဖြစ်ပါသည်။

More Tags