မြန်မာနိုင်ငံ မျိုးဆက်ပွား၊ မိခင်၊ မွေးကင်းစ၊ ကလေးနှင့် ဆယ်ကျော်သက်လူငယ်ကျန်းမာရေး မဟာဗျူဟာ (၂၀၁၉/၂၀၂၀ - ၂၀၂၄/၂၀၂၅) ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်

     မြန်မာနိုင်ငံ မျိုးဆက်ပွား၊ မိခင်၊ မွေးကင်းစ၊ ကလေးနှင့်ဆယ်ကျော်သက်လူငယ်ကျန်းမာရေး မဟာဗျူဟာ (၂၀၁၉/၂၀၂၀-၂၀၂၄/၂၀၂၅) ရေးဆွဲရေးအလုပ်ရုံဆွေးနွေးပွဲ (Multi-Stake holder Consultation on Development of National Strategic Plan for RMNCAH 2019/2020–2024/2025)ကို ယနေ့၊ နံနက်ပိုင်းတွင် သင်္ဂဟဟိုတယ်၊ နေပြည်တော်၌ စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     ဖွင့်ဖွဲ့အခမ်းအနားတွင် ဒေါက်တာမြင့်မြင့်သန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းလေ့ကျင့်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဒုတိယတိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူး(မိခင်၊ ကလေး၊ ကျောင်းကျန်းမာရေး၊ အာဟာရ)၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူများ၊ ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများ၊ ကုလသမ္မဂ္ဂလက်အောက်မှ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၉၀) ဦး တက်ရောက်ခဲ့ပါသည်။

 

     အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ (၁၇) မှ (၁၉) ရက်နေ့အထိ (၃) ရက်တာ ကျင်းပမည်ဖြစ်ပြီး မျိုးဆက်ပွား၊ ကျောင်းကျန်းမာရေး၊ မိခင်၊ မွေးကင်းစ၊ ကလေးနှင့် ဆယ်ကျော်သက်လူငယ် ကျန်းမာရေးအတွက် နိုင်ငံ၏ အခြေအနေနှင့် လိုက်လျောညီထွေမည့် ဦးစားပေး လုပ်ငန်းရပ်များ နှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို ရေးဆွဲသွားမည် ဖြစ်ပါသည်။ ထိုသို့ ရေးဆွဲ ရာတွင် မဟာဗျူဟာများကို လက်ရှိအခြေအနေ၊ ဆောင်ရွက်နိုင်မှုများအား ပြန်လည်သုံးသပ်ကာ ရေးဆွဲသွားမည်ဖြစ်သည်။

More Tags