မြန်မာ-ထိုင်းနယ်စပ်ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုအလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

ထားဝယ်၊ စက်တင်ဘာ (၂၅)ရက်

     (၂၅.၉.၂၀၁၈)ရက်နေ့က ထိုင်းနိုင်ငံ၊ ပရာကျွတ်မြို့တွင် ကျင်းပပြုလုပ်သည့် မြန်မာ-ထိုင်းနယ်စပ်ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ဒေါက်တာဇော်မင်းထွန်း (တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ၊တနင်္သာရီတိုင်းဒေကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ဒေါက်တာသန္တာမျိုးဝင်း (ဆေးရုံအုပ်ကြီး ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့) ၊ ဒေါက်တာထင်ဇော်အောင် (လက်ထောက်ညွှန်ကြားရေးမှူး၊တီဘီအနာကြီး)၊ ဒေါက်တာယဉ်ယဉ်နွဲ့ (ဒု-ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး)၊ ဒေါက်တာလင်းထိုက် (မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးတနင်္သာရီမြို့) ဒေါက်တာဇေယျာကျော် (အဖွဲ့ခေါင်းဆောင်ဆရာဝန်၊ရပကန) ၊ဒေါက်တာအောင်ဗိုလ်ကျော် အဖွဲ့ခေါင်းဆောင်ဆရာဝန် (ခုခံကျ/ကာလသား /မျက်မမြင် မျက်ခမ်းစပ်) တို့တက်ရောက်ခဲ့ ကြပါသည်။

 

     ထိုင်းနိုင်ငံဘက်မှ နှစ်နိုင်ငံ border area ကူးစက်ရောဂါ အခြေအနေများ၊ DDC Policy 2018, Overview of the Office of Disease Prevention and Control Region 5 (ODPC 5),Strategic plan of the 5th health region, Activities of Thai-Myanmar Twin Cities, 2015-2018 in the 5th Health Region, Disease Situation in the 5th Health Region , Overview Prachuap Khiri Khan Province, Development of Disease Surveillance, Prevention and control of Thailand - Myanmar border area အကြောင်းတင်ပြ ဆွေးနွေး ခဲ့ပါသည်။ မြန်မာနိုင်ငံဘက်မှ Biannual TB Evaluation 2018 up to 2nd Quarter Myeik District, Tanintharyi Region၊ တိုင်းဒေသကြီးနှင့်မြိတ်ခရိုင် Malaria, Dengue Fever, Filariasis Situation အကြောင်း၊ HIV/AIDS. STI situation and ART services in Tanintharyi Region အကြောင်းတို့ကိုတင်ပြ ဆွေးနွေးခဲ့ကြပါသည်။

 

     ထို့နောက် နှစ်နိုင်ငံစလုံးမှ တာဝန်ရှိသူများဆက်လက်ဆွေးနွေး (၁) border area ရှိ migrants များအတွက် referral system တစ်ခု အခြေပြုရန် (၂)လူနာသတင်းအချက်အလက် ဖြန့်ဝေရန်အတွက် Message Group တစ်ခု နဲ့တည်ဆောက်ရန် (၃) လူနာများလွှဲပြောင်း လက်ခံပြီးလျှင် သတင်းပေးပို့ရန် အတွက် referral system တစ်ခုတည်ဆောက်ရန်နှင့် (၄)နှစ်နိုင်ငံနယ်စပ်တာဝန်ခံများ သတ်မှတ်ခန့်ထားကြသည်။ ထို့နောက် (၁၀)နာရီအချိန်တွင် ထိုင်းနိုင်ငံ၊ ပရာကျွတ်မှ မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွာလာခဲ့ပါသည်။

     ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံမှ Dr.Smam Futrakul (Director of the 5th Regional Office of Disease Control) မှ Dr. Smart Thirasak (Director of Prachuap Khiri Khan Health Department) နှင့် Mr. Surasak Thanaisawanyangkoon (International collaboration on Health and HIV) တို့တက်ရောက်ခဲ့ပါသည်။

More Tags