မွန်ပြည်နယ် သထုံမြို့နယ်တွင် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း(၃)ရက်မြောက်နေ့ တိုက်ကျွေးနေမှု များကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

သထုံမြို့၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၉)ရက်

     မွန်ပြည်နယ် သထုံမြို့နယ်ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲတို့တွင်ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးနေမှုများကို ဇူလိုင်လ(၉)ရက်နေ့တွင် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးဒေါက်တာထွန်းအောင်ကြည်၊ သထုံခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသင်းသင်းအိ၊ (တိုးချဲ့ကာကွယ်ဆေး/ကူးစက်)မှ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာကေသီခိုင်တို့သည် မိုးကောင်းကျေးလက်ကျန်းမာရေးဌာနခွဲအပိုင် ကရင်လေးဆိပ် ကျေးရွာဆေးထိုးစုရပ်တွင် မွေးကင်းစမှ (၅)နှစ်အရွယ်ကလေးများကို ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးနေမှုကို နည်းပညာဆိုင်ရာပူးပေါင်းကူညီဆောင်ရွက်ခြင်း၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ပိုလီယို ကာကွယ်ဆေး အပိုဆောင်း(၃)ကြိမ်ပြည့်အောင်မပျက်မကွက်လာရောက်တိုက်ကျွေးရန်တိုက်တွန်းပြောကြားခဲ့ပါသည်။


 

     ထို့နောက်ပြည်နယ်နှင့်မြို့နယ်ပူးပေါင်းအဖွဲ့သည် နောင်ဘိုကျေးရွာမြောက်ပိုင်းတွင် (RCA) လေ့လာဆန်းစစ်ခြင်းလုပ်ငန်းများကိုအိမ်တိုင်ရာရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

More Tags