သံဖြူဇရပ်မြို့နယ်တွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံနေမှုများအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

သံဖြူဇရပ်မြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်

     မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံနေမှုကို နိုဝင်ဘာလ (၂၆) ရက်နေ့တွင် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်၊ ပြည်နယ်တိုးချဲ့ကာကွယ်ဆေး/ကူးစက်ဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန်ဒေါက်တာကေသီခိုင် တို့နှင့်အတူ သံဖြူဇရပ်မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးဒေါက်တာမင်းသန့်ဇင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဝယ်သွန်ချောင်ဆေးထိုးစုရပ်၊ ဝဲခမိကျေးလက်ကျန်းမာရေးဌာနဆေးထိုးစုရပ်တွင် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံနေမှုကို နည်းပညာဆိုင်ရာပူးပေါင်းကူညီကြီးကြပ်၍ လိုအပ်သည်များဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်နယ်နှင့်မြို့နယ်အဖွဲ့တို့ပူးပေါင်းပြီး မိခင်ကလေးကျန်းမာရေးဌာနအပိုင် အောင်ဇေယျရပ်ကွက်တွင် (Rapid Convenience Assessment) ကလေးများ ကာကွယ်ဆေးရရှိမှုအခြေအနေလေ့လာဆန်းစစ်ခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

More Tags