မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ် တည်ဆောက်ရေး လုပ်ငန်းများနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်

ရေးမြို့နယ်၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်

     (၁၃-၇-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမြမြဝင်း၊ လက်ထောက်ဆရာဝန်ဒေါက်တာဝင်းယုခိုင်၊ ဦးစီးအရာရှိ(ဘဏ္ဍာ)ဒေါ်ပြုံးပြုံးရီ၊ အငယ်တန်း အင်ဂျင်နီယာ(၂) ဒေါ်ရွယ်ရွယ်ပိုင် နှင့် ရေးမြို့နယ်ဆေးရုံအုပ် ဒေါက်တာသက်ပိုင်ဦးဆောင်သော အဖွဲ့နှင့်အတူ လမိုင်းတိုက်နယ်ဆေးရုံ၊ အာယုတောင်ကျေးလက်ကျန်းမာရေးဌာန ၊ ဇီးဖြူသောင် ကျေးလက်ကျန်းမာရေးဌာနတို့တွင် ဝန်ထမ်းအိမ်ရာ တည်ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ဘဲလမုကျေးလက်ကျန်းမာရေးဌာနခွဲ၊ နှင်းစုံကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဇီးဖြူသောင် ကျေးလက်ကျန်းမာရေးဌာနတို့တွင် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ဆောက်လုပ်ရေးကုမ္ပဏီများမှ တာဝန်ခံများအား လုပ်ငန်းများကိုအရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။

More Tags