မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဇီးဖြူသောင်ကျေးလက် ကျန်းမာရေးဌာနတို့တွင် ကျန်းမာရေးစကားဝိုင်းများဆောင်ရွက်

ရေးမြို့နယ်၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်

     မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဇီးဖြူသောင် ကျေးလက်ကျန်းမာရေးဌာနတို့တွင် ပြည်သူလူထုမျာအားစုစည်း၍ တာဝန်ကျ အခြေခံကျန်းမာရေး ဝန်ထမ်းများမှ ကျန်းမာရေးစကားဝိုင်းများ ကျင်းပနေမှုကို ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်ဦးဆောင်သော အဖွဲ့မှ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြပါသည်။

 

     အဆိုပါကျန်းမာရေးစကားဝိုင်းတွင် သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ ဝေဒနာရှင်များအား ဆောင်ရန်ရှောင်ရန်များ လိုက်နာကျင့်သုံးရမည့်အချက်များနှင့် ရာသီတုပ်ကွေးရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ဝေထားသောကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်ထည့်သွင်း ထားသော Mobile Tablet ကိုအသုံးပြု၍ ပညာပေးခြင်း၊ ပညာပေး ပိုစတာများနှင့် လက်ကမ်းစာစောင်များ ဝေငှခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

More Tags