မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံနေမှုကို ပြည်နယ်အဆင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

ရေးမြို့၊၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်

     မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံနေမှုကို နိုဝင်ဘာလ (၂၈) ရက်နေ့တွင် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (စီမံ/ ဘဏ္ဍာ) ဒေါက်တာဝတ်မှုံ၊ (ဦးစီးအရာရှိ ဒေါက်တာသိန်းတန်တို့နှင့် အတူရေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ကာကွယ်ဆေးထိုး စုရပ်များသို့သွားရောက်ခဲ့ပါသည်။


     အဆိုပါစုရပ်များတွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးထိုးနှံမှုကို ကြည့်ရှုစစ်ဆေးခြင်း၊ စုရပ်များဖွဲ့စည်းထားရှိမှု၊ ကာကွယ်ဆေးနှင့်ဆေးပစ္စည်းများထားရှိမှုအခြေအနေ၊ ကာကွယ်ဆေးထိုး ပြီးနောက် နောက်ဆက်တွဲအခြေအနေများကို တုန့်ပြန်ဆောင်ရွက်ထားရှိမှုအစီအစဉ်များ၊ ရပ်ကွက် အတွင်းရှိစေတနာ့ဝန်ထမ်းအဖွဲ့များမှ ကူညီဆောင်ရွက်နေမှုများ၊ ကလေးမိခင်များနှင့် တွေ့ဆုံ မေးမြန်း ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို စီစဉ်လမ်းညွှန်မှာကြားခဲ့ပါသည်။

More Tags