မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် ကျန်းမာရေးမှူးအသင်းတို့မှ စုပေါင်း၍ အလှူပြုလုပ်

မော်လမြိုင်မြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်

     မွန်ပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူများတွက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို)၊ ဧရာဝတီတိုင်းကျန်းမာရေးမှူးအသင်း၊ မွန်ပြည်နယ် ကျန်းမာရေးမှူး အသင်းတို့ စုပေါင်း၍ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၁.၈.၂၀၁၉) ရက်နေ့၌ မြေပြိုမှုကြောင့် မော်လမြိုင်ဆေးရုံကြီးတွင် ဆေးရုံတက်လူနာများကို ငွေကြေးထောက်ပံ့ပေးခြင်း၊ (၁၂.၈.၂၀၁၉) ရက်နေ့တွင် သဒ္ဒမစေတနာဘုန်းကြီးကျောင်းတွင် ဆန်(၂၀)အိတ်၊ ဆီ(၅)ပုံး၊ ကျိုက်မရောမြို့နယ် ရသေ့ကျောင်းရေးဘေးရှောင်စခန်းတွင် ဆန်(၁၀)အိတ်၊ ကျန်းမာရေးဝန်ထမ်းများအတွက် ဆန် (၁၀) အိတ်၊ (၁၄.၈.၂၀၁၉) ရက်နေ့တွင် ရေးမြို့နယ်အားကစားရုံ ရေဘေးရှောင်စခန်းတွင် ဆန် (၁၀) အိတ်၊ ကျန်းမာရေးဝန်ထမ်းများအတွက် ဆန် (၁၀) အိတ်၊ စောင်အထည် (၂၀)၊ ချောင်းတောင်ဘုန်းကြီးကျောင်းတွင် ဆန် (၇) အိတ်၊စောင်အထည် (၃၀)၊ အငြိမ်းစားကျန်းမာရေးမှူးများအတွက် ဆန် (၃) အိတ်၊ စောင် (၁၀) ထည်၊ ချောင်းတောင်ကျေးရွာ မူလတန်းကျောင်းအတွက်စာအုပ်ဒါဇင် (၅၀) တို့ကိုပေးအပ်လှူဒါန်းခဲ့ကြပါသည်။

More Tags