မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် “ငှက်ဖျားရောဂါကင်းဝေးရေး ရည်မှန်းချက်များပြည့်မီရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်မှု အသိပေးခြင်း” ပြည်နယ်အဆင့်အခမ်းအနား ကျင်းပပြုလုပ်

မော်လမြိုင်၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၁၄) ရက်

     “ငှက်ဖျားရောဂါကင်းဝေးရေး ရည်မှန်းချက်များ ပြည့်မီရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်မှု အသိပေးခြင်း” ပြည်နယ်အဆင့် အခမ်းအနားကို ဇန်နဝါရီလ (၁၄) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ ရာမညဟိုတယ်၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည် က မွန်ပြည်နယ်ငှက်ဖျားရောဂါ အခြေအနေကို ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစည်သူရဲနောင် က ငှက်ဖျားရောဂါကင်းဝေးရေး ရည်မှန်းချက်ပြည့်မီရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်မှုလုပ်ငန်းများ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများမှ ဆွေးနွေးခဲ့ပါသည်။

 

     အဆိုပါအခမ်းအနားသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မွန်ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနမှူးများနှင့် ငှက်ဖျားတာဝန်ခံများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာမများ၊ သင်တန်းသား/သူများ၊ INGOs/NGOs မှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှု အဖွဲ့ အစည်း အဖွဲ့ဝင်များ၊ ပုဂ္ဂလိကဆေးရုံတာဝန်ခံများ၊ ဆေးဝါးလုပ်ငန်းရှင်များ၊ တပ်မတော်စစ်ဆေးရုံနှင့် ဆေးတပ်ရင်းကိုယ်စားလှယ်များ၊ သတင်းမီဒီယာများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြ ပါသည်။

More Tags