မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် Logistics Management Information System (LMIS) သင်တန်း ကျင်းပပြုလုပ်

မော်လမြိုင်မြို့၊၂၀၁၉ခုနှစ်၊အောက်တိုဘာလ(၂၄)ရက်နေ့

      မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးဌာနမှ  ပြည်နယ်အဆင့် Logistics Management Information System (LMIS) Training ကို အောက်တိုဘာလ(၂၄)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌  ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး  ဒေါက်တာထွန်းအောင်ကြည်မှ အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းကိုဖွင့်လှစ်ခဲ့ပါသည်။


     ထို့နောက် သင်တန်းတွင် WHO မှ (Logistics Assistant ) ဦးသီဟကျော်၊ (Logistics Assistant) ဦးမျိုးကျော်ကျော် တို့မှ  ဆေးနှင့်ဆေးပစ္စည်းများဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ တောင်းခံခြင်း၊ လက်ခံရယူခြင်း၊ အအေးခန်းတွင်ထားရှိရမည့် ဆေးနှင့်ဆေးပစ္စည်းများ စီမံထားရှိခြင်း၊ ပျက်စီးသက်တမ်းလွန်ဆေးနှင့် ဆေးပစ္စည်းများ ကိုင်တွယ် ထိန်းသိမ်းခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ စာရင်းသွင်းခြင်းနှင့်အစီရင်ခံခြင်း၊ စဉ်ဆက်မပြတ်စစ်ဆေးခြင်းစသည်တို့ကို စနစ်တကျဆောင်ရွက်နိုင်ရန်  စာတွေ့၊ လက်တွေ့ သင်ခန်းစာများကို ပို့ချသွားမည်ဖြစ်ပါသည်။


     အဆိုပါ သင်တန်းတွင် မော်လမြိုင် အထွေထွေရောဂါကု ဆေးရုံကြီးနှင့် အမျိုးသမီးနှင့်ကလေး ဆေးရုံကြီးမှ HIV focal  personများ ၊မြို့နယ်(၁၀)မြို့နယ်မှ HIV focal  personများ၊ Lab technician များ၊AIDS/STD Team မှ ဝန်ထမ်းများ စုစုပေါင်း(၄၀)ဦးခန့်ကို (၂၄.၁၀.၂၀၁၉)မှ (၂၅.၁၀.၂၀၁၉)ရက်နေ့အထိ(၂)ရက်ကြာ သင်တန်းပို့ချသွား မည်ဖြစ်ပါသည်။

More Tags