မုဒုံမြို့နယ်တွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံနေမှုကို ပြည်နယ်အဆင့်တာဝန်ရှိသူများမှ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

မုဒုံမြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်

     မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံနေမှုကို နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်၊ ပြည်နယ်တိုးချဲ့ကာကွယ်ဆေး/ကူးစက်ဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာကေသီခိုင်တို့နှင့်အတူ မုဒုံမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာမြင့်သိန်းဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ကလော့သော့ကျေးလက်ကျန်းမာရေးဌာန ဆေးထိုးစုရပ်၊ ဆက်သွယ်ကျေးရွာဆေးထိုးစုရပ်၊ နှီးပဒေါကျေးလက်ကျန်းမာရေးဌာန ဆေးထိုးစုရပ်တွင် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံနေမှုကို နည်းပညာဆိုင်ရာပူးပေါင်းကူညီကြီးကြပ်၍ လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်နယ်နှင့်မြို့နယ်အဖွဲ့တို့ပူးပေါင်းပြီး နှီးပဒေါကျေးရွာအရှေ့ပိုင်း၊ ကလော့သော့ကျေးရွာတွင် (Rapid Convenience Assessment) ကလေးများကာကွယ်ဆေးရရှိမှု အခြေအနေလေ့လာဆန်းစစ်ခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

More Tags