မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း(၃)ရက်မြောက်နေ့တိုက်ကျွေး နေမှုများကိုကွင်းဆင်းကြီးကြပ်ဆောင်ရွက်

ဘီးလင်းမြို့၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၉)ရက်

     မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲတို့တွင် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးနေမှုများကို ဇူလိုင်လ(၉)ရက်နေ့တွင် မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝတ်မှုံ၊ (တိုးချဲ့ကာကွယ်ဆေး/ကူးစက်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းပပဌေး၊ ဘီးလင်းမြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိုးကျော်သူ ဦးဆောင်သောအဖွဲ့နှင့်အတူ ကြက်ခြေခတ်ကျေးရွာ၊ဘုရားဆိပ်ကျေးရွားဆေးထိုးစုရပ်တွင် မွေးကင်းစမှ(၅)နှစ် အရွယ်ကလေးများကို ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးနေမှုကို နည်းပညာဆိုင်ရာ ပူးပေါင်းကူညီဆောင်ရွက်ခြင်း၊ အခြေခံကျန်းမာရေးဝန်ထမ်းများ ၊ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ပိုလီယိုကာကွယ်ဆေးအပိုဆောင်း (၃)ကြိမ်ပြည့်အောင်မပျက်မကွက်လာရောက်တိုက်ကျွေး ရန်တိုက်တွန်းပြောကြားခဲ့ပါသည်။


 

     ထို့နောက်ပြည်နယ်နှင့်မြို့နယ်ပူးပေါင်းအဖွဲ့သည် (RCA)လေ့လာဆန်းစစ်ခြင်းလုပ်ငန်းများကို ကြတ်ခြေခတ်ကျေးရွာ၊ဘုရားဆိပ်ကျေးရွာ၊ ကန်သာယာရပ်ကွက်(၇)၊ရေဘေးစခန်း (တစညရုံး၊စမ္မဝိဟာရကျောင်း၊မြို့ဦးကျောင်း)တို့တွင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

More Tags