မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ပိုလီယိုကာကွယ်ဆေးအပိုဆောင်း (တတိယအကြိမ်၊ပထမနေ့) တိုက်ကျွေးနေမှုများကို ကွင်းဆင်းကြီးကြပ်

ဘီးလင်းမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၄) ရက်

     မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ ကာကွယ်ဆေးတိုက်စုရပ်များတွင် (တတိယအကြိမ်၊ပထမနေ့) ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးနေမှုကို ဩဂုတ်လ (၄) ရက်နေ့တွင် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာဝတ်မှုံ၊ လက်ထောက်ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး/ကူးစက်) ဒေါက်တာဝင်းပပဌေး၊ အဖွဲ့ခေါင်းဆောင်ဆရာဝန် (တိုးချဲ့ကာကွယ်ဆေး/ကူးစက်) ဒေါက်တာကေသီခိုင်နှင့်အတူ ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့် (၁) ဦးမင်းတင်ဇော်ဦး ဦးဆောင်သောအဖွဲ့တို့လိုက်ပါလျက် ဘီးလင်းမြို့နယ်အတွင်းရှိ ဇုတ်သုတ်ကျေးလက်ကျန်းမာရေးဌာန၊ မုသင်ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဝင်းကကျေးလက် ကျန်းမာရေးဌာနအပိုင် ကျောက်လုံးကြီးကျေးရွာ၊ ငါးဘတ်ချောင်းကျေးလက်ကျန်းမာရေး ဌာနခွဲအပိုင် ငါးဘတ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဆေးထိုးစုရပ်တို့တွင် မွေးကင်းစမှ အသက် (၅) နှစ်အရွယ်ကလေးများ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးနေမှုကို နည်းပညာဆိုင်ရာ ပူးပေါင်းကူညီဆောင်ရွက်ရန် ကွင်းဆင်းကြီးကြပ်ပြီး အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

 

     ထို့နောက်ပြည်နယ်နှင့်မြို့နယ် ပူးပေါင်းအဖွဲ့သည်(RCA) ကာကွယ်ဆေး တိုက်ပြီးစီးမှု အခြေအနေ လေ့လာဆန်းစစ်ခြင်းလုပ်ငန်းကို ငါးဘတ်ချောင်းကျေးလက်ကျန်းမာရေးဌာနခွဲအပိုင် မရမ်းကုန်းကွက်သစ်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

 
 

More Tags