မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် Orientation Training On Horizontal Integrated Approach On RMNCAH-N သင်တန်း ကျင်းပပြုလုပ်

မော်လမြိုင်မြို့၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့

     စက်တင်ဘာလ (၉) ရက်နေ့တွင် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (Orientation Training On Horizontal Integrated Approach On RMNCAH-N) သင်တန်းကို ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် တက်ရောက်လာကြတဲ့ မြို့နယ်များမှ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးကို မိမိတို့နိုင်ငံအတွင်း ကျန်းမာရေးဝန်ဆောင်မှုများတွင် အားထည့်ဆောင်ရွက်ပေးနေမှုတွေအတွက် ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း၊ ရှေ့ဆက်၍လည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေသော မျိုးဆက်ပွား၊ မိခင်၊ မွေးကင်းစကလေး၊ ငါးနှစ်အောက် ကလေး၊ ပျိုရွယ်သူကျန်းမာရေးနှင့် အာဟာရမြှင့်တင်ရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်များကိုလည်း ပိုမိုအချိတ်အဆက်မိမိ အားထည့် ဆောင်ရွက်ရန် စသည်တို့ကိုထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍သင်တန်းဆရာအဖြစ် မော်လမြိုင်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာခင်မိုးသွယ်မှ စဉ်ဆက်မပြတ်ဆောင်ရွက်နေသော မျိုးဆက်ပွား၊ မိခင်၊မွေးကင်းစကလေး၊ ငါးနှစ်အောက်ကလေး၊ ပျိုရွယ်သူ ကျန်းမာရေးနှင့်အာဟာရမြှင့်တင်ရေးစောက်ရှောက်မှုနှင့်ပက်သတ်၍ သင်တန်း ပို့ချခဲ့ပြီး အဆိုပါသင်တန်းတွင် ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကိုယ်စာလှယ်များ စုစုပေါင်း(၃၅)ဦးခန့်တက်ရောက်ခဲ့ကြသည်။

More Tags