မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မလတ်တောင် မြေပြိုရာအနီး ဖွင့်လှစ်ထားသော ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းသို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးမှ ကွင်းဆင်းကြီးကြပ်

ပေါင်မြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်

     မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရဲပြားကုန်း မလတ်တောင်မြေပြိုမှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသော နေရာအနီးတွင် ဖွင့်လှစ်ထားသောကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်းသို့ ဩဂုတ်လ (၁၂) ရက်နေ့တွင် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည် ဦးဆောင်သောအဖွဲ့နှင့်အတူ ပေါင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ကျန်းမာရေးစောင့် ရှောက်ပေးနေမှုအခြေအနေများကို ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။

More Tags