မွန်ပြည်နယ်တွင် (၂၀၁၉) ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလူထုလှုပ်ရှားမှု အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်မြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်

     ဩဂုတ်လ (၂၀) ရက်နေ့တွင် မွန်ပြည်နယ်ပြည်သူ့သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂၀၁၉) ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလူထုလှုပ်ရှားမှု အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးအရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်းမှ အဖွင့်မိန့်ခွန်း မြွတ်ကြားရာတွင် ပြည်နယ်အတွင်းရှိ ကလေးများ၏ အာဟာရအခြေအနေ တိုးတက်လာရေး အားလုံးဝိုင်းဝန်း ကြိုးပမ်းကြရန် အထူးတိုက်တွန်းပြောကြားခဲ့သည်။

 

     ဆက်လက်၍ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်မှ မွန်ပြည်နယ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် ယခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအတွက် ဆောင်ပုဒ်အဖြစ် ''အာဟာရတွင်မြှုပ်နှံကာ လက်တွဲကူညီဆောင်ရွက်ပါ နိုင်ငံဖွံ့ဖြိုးတိုးတက်မှာ" ဟု သတ်မှတ်ထားကြောင်း ဩဂုတ်လတစ်လလုံးတွင် မိခင်နို့တိုက်ကျွေးမှု မြှင့်တင်ရေး၊ ငါးနှစ်အောက်ကလေးများ ကျောင်းနေအရွယ်ကလေးများ၊ အပျိုဖော်ဝင်အရွယ် မိန်းကလေးများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အိုင်အိုဒင်းဆား စားသုံးမှုမြင့်တင်ရေးနှင့် အဏုအာဟာရချို့တဲ့မှုကာကွယ်ရေးလုပ်ငန်းများ၊ အာဟာရ အသိပညာပေးလုပ်ငန်းများကို နိုင်ငံတဝန်းဆောင်ရွက်ကြမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

 

     ထို့နောက်တက်ရောက်လာသောဧည့်သည်တော်နှင့် အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး ဧည့်သည်တော်များမှ ငါးနှစ်အောက် ကလေးများအား ဗီတာမင်အေ(၂)သိန်းအား၊ အသက် (၆) လမှ (၁) နှစ် အောက်ကလေးများ အား ဗီတာမင်အေ (၁) သိန်းအား၊ အသက် (၂) နှစ်မှ (၅) နှစ်အထိကလေး များ သန်ချဆေးပြား၊ အပျိုဖော်ဝင်အရွယ်မိန်းကလေးများ အား သံဓာတ်ဆေးပြားနှင့်ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား အဏုအာဟာရဆေးဝါးများတိုက်ကျွေးကာ အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် ဧည့်သည်တော်များက ပြခန်းများနှင့် အစားအသောက်အုပ်စုများခင်းကျင်းပြသထားမှုနှင့်ဆားတွင် အိုင်အိုဒင်းဆားပါဝင်မှု စစ်ဆေးပေးခြင်းတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။  အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်လွှတ်တော်ဉက္ကဌ၊လူမှုရေးဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင်များ၊ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နှီးနွယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ စုစုပေါင်း (၂၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။

More Tags