မွန်ပြည်နယ်တွင် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင်ပါဝင်သော ကာကွယ်ဆေး(Penta4)ကို ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း ပြည်နယ်အဆင့်သင်တန်း ကျင်းပပြုလုပ်

မော်လမြိုင်မြို့၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်

     မွန်ပြည်နယ်တွင် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင်ပါဝင်သော ကာကွယ်ဆေး (Penta4)ကို ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း ပြည်နယ်အဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ (၁၅) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မွန်ပြည်နယ် ပြည်နယ်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်မှ အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။

 

     ထို့နောက်သင်တန်းတွင် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေး /ကူးစက်ဌာနမှ လက်ထာက်ညွှန်ကြားရေးမှူးဒေါက်တာဝင်းပပဌေး၊ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာကေသီခိုင်၊ ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်စိုးယုနွယ်တို့မှ ရိုတာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးအကြောင်း၊ ကာကွယ်ဆေးကို ဘေးအန္တရာယ်ကင်းစွာတိုက်ကျွေးနိုင်ခြင်း၊ ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး ထည့်သွင်းတိုက်ကျွေးရန် လုပ်ငန်းအဆင့်ဆင့်၊ မှတ်တမ်းပြုစုခြင်းနှင့် သတင်းပေးပို့ခြင်း၊ ကာကွယ်ဆေးတိုက်ကျွေး/ထိုးနှံပြီးဖြစ်ပွားနိုင်သည့် နောက်ဆက်တွဲပြဿနာများနှင့် ပတ်သက်သည့်သင်ခန်းစာများ၊ အသည်းရောင်အသားဝါ(ဘီ) (မွေးစကလေး) နှင့် ဆုံဆို့ - မေးခိုင် ပါ၀င်သောကာကွယ်ဆေး (စတုတ္တအကြိမ်) ထည့်သွင်း ထိုးနှံခြင်းတို့ကိုသင်ကြား ပို့ချခဲ့ပါသည်။

 

     အဆိုပါသင်တန်းသို့ မွန်ပြည်နယ်(၁၀)မြို့နယ်မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ တိုးချဲ့ကာကွယ်ဆေးတာဝန်ခံများ၊ ဆေးရုံအခြေပြုကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေသော ဆေးရုံများမှ CCKP (၁) ဦး၊ Vaccinator In charge (၁) ဦး၊ Focal for Immunization Clinic (၁) ဦး စုစုပေါင်း (၄၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။

More Tags