မွန်ပြည်နယ်တွင် မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

မော်လမြိုင်မြို့၊၂၀၁၉ ခုနှစ်၊ စက်တင်ဘာ (၁၃) ရက်

     ကုသရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲ၏ မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ (၁၃) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်၌ ကျင်းပရာတွင် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကုသရေးဦးစီးဌာန(စစ်ဆေးရေးဌာနခွဲ)၊ နေပြည်တော် မှ ညွှန်ကြားရေးမှူး ဒေါက်တာလွင်လွင်ဦးလှိုင်မှ မြို့နယ်ကုသရေးဦးစီးဌာနမှူးနှင့် တွေ့ဆုံရခြင်းရည်ရွယ်ချက်များ၊ လက်ရှိအနေအထား၊ ကွင်းဆင်းစစ်ဆေးခြင်း၊ ညွှန်ကြားချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်များ၊ တိုင်ကြားစာအမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းကိုသုံးသပ်ခြင်း၊ သုံးသပ်အကြံပြုချက်များတင်ပြပြီး မြို့နယ်များမှ ပြန်လည်ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ခဲ့ပါသည်။

More Tags