မွန်ပြည်နယ်တွင် နိုင်ငံတစ်ဝန်းဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း(၂၀၁၉) ပြည်နယ်အဆင့် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

မော်လမြိုင်မြို့၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်

     မွန်ပြည်နယ်တွင် နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း (၂၀၁၉) ပြည်နယ်အဆင့် ဖွင့်ပွဲအခမ်းအနားကို မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက အဖွင့်မိန့်ခွန်းမြွက်ကြားခဲ့ပါသည်။

 

     ဆက်လက်၍ ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးအပိုဆောင်းထိုးနှံခြင်းလုပ်ငန်း(၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်း၊ မွန်ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးဒေါက်တာထွန်းအောင်ကြည်တို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ လူမှုရေးဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သတင်းမီဒီယာများ စုစုပေါင်း (၁၀၀) ခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ဧည့်သည်တော်များမှ ကလေးငယ်များအား ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးထိုးနှံပေးခြင်း အစီအစဉ်ကို ကြည့်ရှုအားပေးခဲ့ကြပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

More Tags