မွန်ပြည်နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်နေသော အရပ်ဘက် လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ မေလ (၂၁) ရက်

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေသော အရပ်ဘက်လူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲကို မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ မွန်ပြည်နယ်ကျရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းအောင်ကြည်၊ မော်လမြိုင် အထွေထွေရောဂါကုဆေးရုံအုပ်ကြီး၊ မော်လမြိုင် အမျိုးသမီးနှင့်ကလေးဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များ (၆၀) ခန့် တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ကြပါသည်။

 

     အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းဆောင်ရွက်မှု အားသာချက်၊ အားနည်းချက်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခြင်း၊ဆေးရုံကြီးများတွင် ဆောင်ရွက်နေသော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်ချက်များကို ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာကြီးများ ပြန်လည်ရှင်းလင်းပြောကြား၍ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မှဆောင်ရွက်သော ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့်ပတ်သက်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၊ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ မကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများ နှင့်ပတ်သက်၍ အသင်းအဖွဲ့များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်အတွက် ညှိနှိုင်းဆွေးနွေးခြင်း စသည်ဖြင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုချောမွေ့မြန်ဆန်လာရေးအတွက် ကူညီထောက်ပံ့မှုများကို အပြန်အလှန်ဆွေးနွေး ခဲ့ကြပါသည်။

More Tags