မွန်ပြည်နယ်တွင် '' Multiplier Training for MDR-TB Management At State Level" သင်တန်း ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ မေလ (၂၂) ရက်

     (၂၂.၅.၂၀၁၉) ရက်နေ့ နံနက် (၉)နာရီအချိန်တွင် မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ '' Multiplier Training for MDR-TB Management At State Level" သင်တန်းကိုမွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်မှ အဖွင့်အမှာ စကားပြောကြား၍ သင်တန်းကိုဖွင့်လှစ်ခဲ့ပါသည်။

 

     အဆိုပါသင်တန်းသည် ဆေးယဉ်ပါးတီဘီရောဂါအကြောင်း ကျန်းမာရေးဝန်ထမ်းများ ပိုမိုသိရှိနားလည်လာပြီး ဆေးယဉ်ပါးတီဘီရောဂါ ရှာဖွေကုသခြင်းလုပ်ငန်းတွင် ပိုမိုတိုးတက် အောင်မြင်လာစေရန် ရည်ရွယ်၍ပြည်နယ် တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူများမှ မွန်ပြည်နယ် (၁၀) မြို့နယ်ရှိ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို ဆောင်ရွက်နေသော တာဝန်ခံကျန်းမာရေးဝန်ထမ်းများအား (၂၂.၅.၂၀၁၉) မှ (၂၄.၅.၂၀၁၉) ရက်နေ့အထိ (၃) ရက်ကြာ သင်တန်းပြုလုပ်လျက် ရှိပါသည်။

More Tags