မွန်ပြည်နယ်တွင် ''Joint Programme Review Mission for Tuberculosis (2019) " အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

မွန်ပြည်နယ်၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်

     အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေသော တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ကြည့်ရှုလေ့လာရန် (USAID) United State Agency for International Development, Washington, DC မှ Dr Willian A Wells (Senior TB Technical Advisor)ဦးဆောင်ပြီး WHO Myanmar မှ Dr Ikushi Onozaki (Medical Officer)၊ World Health Organization, Kathmandu, Nepal မှ Dr Lungten Z.Wanghuk (Scientist Communicable Disease Control)၊ (AIDS Programme Manager) ဒေါက်တာထွန်းညွှန့်ဦးတို့ကို မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးဒေါက်တာထွန်းအောင်ကြည်၊ တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဒေါက်တာထွန်းဦး၊ ခုခံကျကာလသားတိုက်ဖျက်ရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဒေါက်တာသန္တာအောင်တို့မှ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

 

     အဆိုပါအဖွဲ့သည် မွန်ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ ဖားအောက်တိုက်နယ်ဆေးရုံ၊ IOM(မော်လမြိုင်)၊ ဘီးလင်းမြို့နယ်ဆေးရုံ၊ PSI(ဘီးလင်း) မိတ်ဖက်အဖွဲ့အစည်းများ၏ လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုဆောင်ရွက်သွားမည်ဖြစ်ပါသည်။

More Tags