မွန်ပြည်နယ်တွင် Contact Innvestigation Training (State Level) ကျင်းပပြုလုပ်

မော်လမြိုင်မြို့၊၂၀၁၉ခုနှစ်၊အောက်တိုဘာလ(၂၃)ရက်နေ့

     Contact Investigation Training (State Level) သင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ(၂၃)ရက်နေ့၊ နံနက်(၉:၀၀)နာရီ အချိန်တွင် မော်လမြိုင်မြို့၊ ကြက်ခြေနီအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်မှ အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ၂၀၁၈ ခုနှစ် နိုင်ငံတစ်ဝန်း တီဘီရောဂါ စစ်တမ်းကောက်ယူမှု ရလဒ်အရ မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားမှု ၃၃၉/၁၀၀၀၀၀၀ ရှိပြီး Missing TB Case အနေဖြင့် ၄၀၀၀၀ရှိနိုင်သည်ဟု ခန့်မှန်းထားပါကြောင်း မွန်ပြည်နယ်၌လည်း Missing TB Case ၁၀၀၀ နီးပါးရှိနိုင်ကြောင်းခန့်မှန်းပါကြောင်း Missing TB Case များသည် တီဘီရောဂါဖြစ်ပွားမှု ကျဆင်းခြင်းကို များစွာအဟန့်အတား ဖြစ်စေကြောင်း Missing TB Case ကိုရှာဖွေတွေ့ရှိရန် အရေးကြီးကြောင်း ယခုအခါ Contact Investigation SOP အသစ် ထုတ်ဝေပြီး ၎င်း SOP အတိုင်းလိုက်နာဆောင်ရန် သင်တန်းပြုလုပ်ခြင်းဖြစ်ကြောင်း သင်တန်းပြီးဆုံးပါက သက်ဆိုင်ရာ မြို့နယ်တွေမှာ ဆင့်ပွားသင်တန်းပြန်လည်ပို့ချပြီး Contact Investigation ကိုဆောင်ရွက်ကြရန် စသည်တို့ကို ထည့်သွင်းပြောကြားခဲ့ပါသည်။


     အဆိုပါ သင်တန်းသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ကျန်းမာရေးမှူးကိုယ်စားလှယ်များ၊ သားဖွားဆရာမများ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)များ၊ မြို့နယ် တီဘီ တာဝန်ခံများ စုစုပေါင်း (၅၀)ခန့်ကို  ပြည်နယ် တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူများမှ တီဘီလူနာနှင့် အတူနေမိသားစုဝင်များအား တီဘီရောဂါ လက္ခဏာရှိမရှိ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ပတ်သက်၍ (၂၃.၁၀.၂၀၁၉)မှ (၂၄.၁၀.၂၀၁၉)ရက်နေ့အထိ (၂)ရက်တာ သင်တန်းပြုလုပ်သွားမည်ဖြစ်သည်။

More Tags