မွန်ပြည်နယ်တွင် Adverse Event Following Immunization (AEFI) Reporting and Investigation State Level Training (2019)ကျင်းပပြုလုပ်

မော်လမြိုင်မြို့၊ (၂၀၁၉) ခုနှစ်၊ဒီဇင်ဘာလ (၂၃) ရက်

     မွန်ပြည်နယ်တွင် Adverse Event Following Immunization (AEFI) Reporting and Investigation State Level Training (2019) ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၂၃) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သင်တန်းတွင် သင်ကြားသွားမည်ဖြစ်သည့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပြီး နောက်ဆက်တွဲ ပြဿနာအမျိုးအစားများ AEFI ဖြစ်ပွားမှု သတင်းပို့အစီရင်ခံခြင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပြီး နောက်ဆက်တွဲပြဿနာများအား စုံစမ်းစစ်ဆေးခြင်း စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း (AEFI Surveillance) နှင့် ကာကွယ်ခြင်းလုပ်ငန်းတို့ကို လက်တွေ့အသုံးချကြရန် တိုက်တွန်း ပြောကြား ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် သင်တန်းဆရာများအဖြစ် မော်လမြိုင်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာခင်မိုးသွယ်၊ မွန်ပြည်နယ်တိုးချဲ့ကာကွယ်ဆေး/ကူးစက်ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဒေါက်တာဝင်းပပဌေး၊ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာကေသီခိုင်တို့မှ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပြီး နောက်ဆက်တွဲဖြစ်ပေါ်သောပြဿနာများစီမံခန့်ခွဲခြင်းနှင့် ပတ်သက်သည့်အကြောင်းအရာများကို မွန်ပြည်နယ်(၁၀)မြို့နယ်မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးများ၊ တိုးချဲ့ကာကွယ်ဆေးတာဝန်ခံများ စုစုပေါင်း(၂၀)ခန့်ကို (၂၃.၁၂.၂၀၁၉)မှ (၂၄.၁၂.၂၀၁၉)ရက်နေ့အထိ (၂)ရက်တာသင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

More Tags