မြိတ်မြို့နယ်အတွင်းရှိ သမုတ်တိုက်နယ်ဆေးရုံသစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

မြိတ်မြို့၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်

     တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းသည် (၆-၁၂-၂၀၁၉) ရက်နေ့တွင် မြိတ်မြို့နယ် သမုတ်တိုက်နယ်ဆေးရုံသစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေကို မြိတ်ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန္တာမျိုးဝင်း လိုက်ပါလျက် သွားရောက်စစ်ဆေးပါသည်။ တိုင်းဒေသကြီးဦးစီးဌာနမှူးသည် အဆောက်အဦးများစံချိန်စံညွှန်း မှန်ကန်စွာဆောင်ရွက်ရန်နှင့် ရေရှည်တည်တံ့ခိုင်မာအောင်ဆောက်လုပ်ရန်မှာကြားပါသည်။ ထို့နောက် မြိတ်မြို့ပြည်သူ့ဆေးရုံကြီး၌ အသစ်တိုးချဲ့ဆောက်လုပ်မည့် တိုးချဲ့လူနာဆောင်နှင့် ဆေးမှတ်တမ်းဌာနဆောက်လုပ်မည့် (၃)ထပ်လူနာဆောင် စီမံကိန်းကိုစစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကိုလမ်းညွှန်မှာကြားပါသည်။

More Tags