မြိတ်မြို့နယ်တွင် နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မြိတ်မြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်

     နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို မြိတ်ခရိုင်/ မြိတ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ(၂၆)ရက်နေ့၌ ကျင်းပရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး ညွှန်ကြားရေးမှူးရောဂါနှိမ်နင်းရေး ဒေါက်တာစည်သူအောင်မှ ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း အကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အသက် ၉လမှ ၅နှစ်အောက် ကလေးများအား ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး ထိုးနှံပေးခြင်းကို အားပေးကြည့်ရှုပါသည်။ မြိတ်ခရိုင်အတွင်းရှိ အသက် ၉လမှ ၅နှစ်ခွဲ ကလေး ၆၆၃၀၄ဦးကို (၂၆.၁၁.၂၀၁၉) မှ (၂၈.၁၁.၂၀၁၉)ထိ စုရပ်ပေါင်း (၆၄၀)နှင့် ကာကွယ်ဆေးထိုးအဖွဲ့ပေါင်း (၁၈၁)အဖွဲ့ဖြင့် တပြိုင်နက်ထိုးနှံပေးသွားမည်ဖြစ်ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကလေးမိခင်များ စုစုပေါင်း (၇၇)ဦး တက်ရောက်ခဲ့ပါသည်။

 

More Tags