မြိတ်မြို့၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၂၈) ရက်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု ရက်သတ္တပတ်များ အခမ်းအနားကို ၂၀၁၉ခုနှစ် သြဂုတ်လ (၂၈) ရက်နေ့တွင် မြိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာလွင်လွင်မွန်က အဖွင့်အမှာစကား ပြောကြားခြင်း၊ အာဟာရဖွံ့ဖြို့ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ အာဟာရပြည့်ဝမျှတစွာစားသောက်တတ်စေရန် ချက်ပြုတ်သရုပ်ပြခြင်း၊ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားသို့ စုစုပေါင်း လူဦးရေ (၈၅) ဦး တက်ရောက်ခဲ့ပါသည်။