မြိတ်မြို့တွင် COVID-19 ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေး ကျင်းပ

မြိတ်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၂) ရက်

     COVID-19 ကြိုတင်ကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်ညှိနှိုင်းအစည်း အဝေးကို (၁၂-၃-၂၀၂၀) ရက်နေ့၌ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်း တက်ရောက်အမှာစကား ပြောကြားပါသည်။ ဒေါက်တာထွန်းမင်းက နယ်စပ်ဂိတ်များတွင် Fever surveillance ဆောင်ရွက်နေမှုနှင့် အကယ်၍ သံသယလူနာတွေ့ရှိပါက ထားဝယ်၊ မြိတ်၊ ကော့သောင်းဆေးရုံများတွင် Isolation Ward များ ဆောင်ရွက်ထားရှိမှုနှင့် ပြည်သူလူထုမှလည်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားပါသည်။

 

     ထို့နောက် တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြပါသည်။ အဆိုပါ အခမ်းအနားသို့မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးဒေါက်တာသန္တာမျိုးဝင်းနှင့် အထူးကုဆရာဝန်ကြီးများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလွင်လွင်မွန်နှင့်ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကဆေးရုံများမှတာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ကြပါသည်။

More Tags