မြိတ်ပြည်သူ့ဆေးရုံအုပ်ကြီးမှ ဦးဆောင်၍ အခမဲ့ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးပညာပေး ဟောပြောပွဲ ကျင်းပခြင်း

ထားဝယ်မြို့၊ ဇန်နဝါရီလ(၁၉)ရက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်းဦးဆောင်၍ အထူးကု ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးပညာပေးဟောပြောပွဲ အခမ်းအနားကို (၁၉.၁.၂၀၁၉)ရက်နေ့၌ မြိတ်ခရိုင်၊ ပလောက်မြို့တွင်ကျင်းပခဲ့ပြီး အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ မြိတ်ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

 

     အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အထူးကုဆရာဝန်(ဆေးပညာ)က မကူးစက်နိုင်သောရောဂါများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်တကွ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတို့မှ ကွင်းဆင်းဆေးကုသမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါအခမဲ့ကွင်းဆင်းဆေးကုသမှုတွင် လူနာပေါင်း (၁၀၀၂)ဦးအား ဆေးကုသမှုပေးနိုင်ခဲ့ပါသည်။

 

More Tags