မိုးညှင်းမြို့နယ်တွင် နယ်လှည့်အခမဲ့တီဘီရောဂါ ရှာဖွေကုသရေး ဆောင်ရွက်

မိုးညှင်းမြို့၊ မေလ (၂၁) ရက်

     ကချင်ပြည်နယ် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးဌာန၊ နယ်လှည့် အခမဲ့တီဘီရောဂါ ရှာဖွေကုသရေးအဖွဲ့သည် မိုးညှင်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာသို့ ကွင်းဆင်း၍ တီဘီရောဂါ ရှာဖွေကုသခြင်းကို ၂၀၁၉ ခုနှစ် မေလ (၂၁) ရက်နေ့၌ ဆောင်ရွက်ခဲ့ပါသည်။

 

     ထိုသို့ဆောင်ရွက်ရာတွင် မော်ဟန်ကျေးလက်ကျန်းမာရေးဌာနနှင့် ဆယ်မိုင်ကျေးလက်ကျန်းမာရေးဌာနခွဲမှ အခြေခံကျန်းမာရေးဝန်ထမ်းများပါ အတူတကွပူးပေါင်း၍ ကျန်းမာပညာ ပေးခြင်း၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ တီဘီလူနာသစ်များကို ရင်ဘတ်ဓာတ်မှန် (Chest X ray) ရိုက်ခြင်း၊ သလိပ်စစ်ဆေးခြင်းဖြင့် ရှာဖွေခြင်း၊ လူနာနှင့်ထိတွေ့မှုရှိသည့် လူများကို ရှာဖွေဖော်ထုတ် ပညာပေးစစ်ဆေးခြင်း (Contact Tracing) အစရှိသည့် တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ အထွေထွေပြင်ပလူနာ (၁၀၆) ဦး၊ တီဘီရောဂါ လာရောက်စစ်ဆေးသူ (၉၆)  ဦးကို လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ပါသည်။

More Tags