မျိုးဆက်ပွားကျန်းမာရေးဆေးနှင့်ဆေးပစ္စည်းများ ထောက်ပံ့ဖြန့်ဖြူးရေးစနစ် နှင့် ပတ်သက်၍ Automation Training on RH LMIS သင်တန်း ကျင်းပဆောင်ရွက်

လွိုင်ကော်မြို့၊၂၀၁၉ခုနှစ်၊ အောက်တိုဘာလ(၂၈)ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၂၈-၁၀-၂၀၁၉) ရက်နေ့မှ (၂၉-၁၀-၂၀၁၉) ရက်နေ့အထိ မျိုးဆက်ပွားကျန်းမာရေး ဆေးနှင့်ဆေးပစ္စည်းများ ထောက်ပံ့ဖြန့်ဖြူးရေးစနစ်နှင့် ပတ်သက်၍ Automation Training on RH LMIS သင်တန်းကို ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မြို့နယ်(၇)မြို့နယ်မှ ကျန်းမာရေးဝန်ထမ်းများ၊ JSI အဖွဲ့မှ တာဝန်ခံများ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ပါသည်။

 

More Tags