မြစ်သားမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရေဝန်းကျေးလက်ကျန်းမာရေးဌာန အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ

မြစ်သားမြို့၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်

     အူရီဒူမြန်မာလီမိတက်၏ လှူဒါန်းမှုဖြင့် UNOPS, Myanmar မှ ကြီးကြပ်ဆောက်လုပ်သော မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာန၊ ရေဝန်းကျေးလက် ကျန်းမာရေးဌာန၊ ဆေးခန်းအဆောက်အဦနှင့် ဝန်ထမ်းအိမ်ယာများ ဖွင့်ပွဲအခမ်းအနားနှင့် အဆောက်အဦများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် ရေဝန်း ကျေးလက်ကျန်းမာရေးဌာန၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်၊ ကျောက်ဆည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး ဦးထွန်းမင်းဇော်၊ အူရီဒူးမြန်မာလီမိတက်မှ ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန၊ ညွှန်ကြားရေးမှူးဦးတင့်နိုင်ထွဋ်၊ UNOPS, Myanmarမှ ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူ ဒေါက်တာသန်းလွင်တို့က အဆောက်အဦသစ်များကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။

     ဒုတိယပိုင်းအစီအစဉ်များအနေဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်မှ အဖွင့် အမှာစကားပြောကြားပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်နှင့် မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိန်ပွင့်တို့က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ အူရီဒူးမြန်မာလီမိတက်မှ ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန၊ ညွှန်ကြားရေးမှူးဦးတင့်နိုင်ထွဋ်က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး UNOPS, Myanmarမှ ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူ ဒေါက်တာသန်းလွင်က တည်ဆောက်မှုလုပ်ငန်းစဉ် နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ကျေးရွာရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ အူရီဒူးမြန်မာလီမိတက်မှ ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန၊ ညွှန်ကြားရေးမှူး ဦးတင့်နိုင်ထွဋ်မှ ကျေးလက်ကျန်းမာရေးဌာနအဆောက်အဦမှတ်တမ်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးမှ ဂုဏ်ပြုလက်ဆောင်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

     ရေဝန်းကျေးလက်ကျန်းမာရေးဌာန ဆေးခန်းအဆောက်အဦနှင့် ဝန်ထမ်းအိမ်ယာ (၂)လုံးတို့အား အူရီဒူမြန်မာလီမိတက်၏ လှူဒါန်းငွေဖြင့် UNOPS, Myanmar မှ ကြီးကြပ်ဆောက်လုပ်ခဲ့ပြီး ၎င်းအဆောက်အဦများဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောက်ဆည်ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်များနှင့်ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

More Tags