မြစ်ကြီးနားမြို့နယ်တွင် မြစ်ရေဝင်ရောက်မှုကြောင့် ရေကင်းလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်သည့် ပြည်သူများထံ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းသွားရောက်

မြစ်ကြီးနား၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်

     ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုးခြင်းကြောင့် မြစ်ကြီးနားမြို့ရှိ မြို့သစ်ကြီးရပ်ကွက်၊ ကြက်ပေါင်ခြံရပ်ကွက်၊ ရပ်ပူရပ်ကွက်နှင့် လယ်ကုန်းရပ်ကွက်များတွင် မြစ်ရေဝင်ရောက်မှုဖြစ်ပွားသဖြင့် ရေဝင်ရောက်သည့် နေအိမ်များမှ ပြည်သူများ ရေကင်းလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်နေမှုကို ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (EPI/SDCU) ကွင်းဆင်းသွားရောက်ခဲ့ပါသည်။

 

     အဆိုပါရေဝင်ရောက်မှုကြောင့် စုစုပေါင်းလူဦးရေ (၆၄၄) ဦး ရေကင်းလွတ်သည့် နီးစပ်ရာဘာသာရေးအဆောက်အဦးများတွင် ခိုလှုံလျက်ရှိပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ ကွင်းဆင်းလာရောက်၍ ထောက်ပံ့ကူညီပံ့ပိုးမှုများပေးလျက်ရှိပြီး မြစ်ကြီးနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လိုအပ်သည့်နေရာများတွင် ယာယီဆေးခန်းဖွင့်လှစ်ခြင်း၊ ကူးစက်ရောဂါများဖြစ်ပွားမှု ရှိ/မရှိ စောင့်ကြပ်စစ်ဆေးခြင်း၊ ကျန်းမာပညာပေးခြင်း အစရှိသည့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။ ရေဝင်ရောက်မှုအခြေအနေနှင့် ထိခိုက်ခံစားမှု အခြေအနေအပေါ် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး လိုအပ်သလို ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဆေးဝါးများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပံ့ပိုးကူညီသွားရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

 
 

More Tags