မြစ်ကြီးနားမြို့တွင် ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနေ့ ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လူထုလှုပ်ရှားမှု ပြည်နယ်အဆင့်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မြစ်ကြီးနားမြို့၊ (၂၀၁၉) ခုနှစ် ဩဂုတ်လ (၁၅) ရက်နေ့

     ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လူထုလှုပ်ရှားမှု ပြည်နယ်အဆင့်ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် ၊ ဩဂုတ်လ (၁၅) ရက်နေ့၊ နံနက် (၉:၀၀) တွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းက အဖွင့်အမှာစကား မြွတ်ကြားခဲ့ရာ ပြည်နယ်အတွင်းရှိ ကလေးများ၏ အာဟာရအခြေအနေ တိုးတက်လာရေး အားလုံးဝိုင်းဝန်း ကြိုးပမ်းကြရန် အထူးတိုက်တွန်းပြောကြားခဲ့သည်။

 

     ဆက်လက်၍ ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းက ကချင်ပြည်နယ်အတွင်း အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လူထုလှုပ်ရှားမှုဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အစီအစဉ်အရ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ၅ နှစ်အောက် ကလေးငယ်များအား ဘီတာဗင် A ဆေးဝါးများ၊ အရွယ်ရောက်သည့် ကျောင်းသူလေးများအား သံဓာတ် ဆေးပြားနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးဝါးများကို တိုက်ကျွေးပေးကြကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပြည်နယ်သတ္တုတွင်းဦးစီးဌာန(ဆားလုပ်ငန်း)၊ မိတ်ဖက်အဖွဲ့အစည်များမှ ခင်းကျင်းပြသထားသော ပြခန်းငယ်အား တက်ရောက်လာသူများနှင့် အတူတကွ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

More Tags