မြစ်ကြီးနားမြို့တွင် အထက်တန်းသူနာပြုရာထူးတိုး လူတွေ့စစ်ဆေးခြင်းပြုလုပ်

မြစ်ကြီးနားမြို့၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၈) ရက်

     ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ပြည်နယ်ကုသရေးဦးစီးဌာနတွင် ပြည်နယ်အတွင်း အထက်တန်းသူနာပြုရာထူးတိုးအတွက် လူတွေ့စစ်ဆေးခြင်းကို ၂၀၁၉ ခုနှစ် ဩဂုတ်လ (၈) ရက် မှ (၉) ရက်အတွင်းကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါလူတွေ့စစ်ဆေးခြင်းတွင် ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး၊ ဒုတိယ-ပြည်နယ်ကုသရေးဦးစီးဌာနမှူး၊ မြစ်ကြီးနား အထွေထွေရောဂါကုဆေးရုံအုပ်ကြီး၊ မြစ်ကြီးနားမူးယစ်ဆေးစွဲရောဂါကုဆေးရုံအုပ်ကြီး၊ ကုသရေးနှင့် သူနာပြုဌာနမှ တာဝန်ရှိသူများမှ ရာထူးတိုးလျောက်ထားလာသူများကို လူတွေ့ စစ်ဆေးခြင်း ပြုလုပ်ခဲ့ပါသည်။

More Tags