မြစ်ကြီးနားမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

မြစ်ကြီးနားမြို့ ၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်

     ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စုပေါင်းရုံးအစည်းအဝေးခန်းမတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ နယ်မြေမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် “သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း ညှိနှိုင်းအစည်းအဝေး” ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၁၀) ရက်နေ့ ၊ နေ့လည် (၁) နာရီတွင် ကျင်းပခဲ့ပါသည်။ အဆိုပါညှိနှိုင်းအစည်းအဝေးတွင် ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းမှ ကချင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအခြေအနေ၊ ကာကွယ်နှိမ်နင်းရေးအတွက် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှု၊ သက်ဆိုင်ရာ မြို့နယ်၊ရပ်ကွက်၊ ကျေးရွာတာဝန်ရှိသူများ၊ နှီးနွယ်ဌာနဆိုင်ရာများနှင့် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန် အစရှိသည်များကို တက်ရောက်လာသူများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

 

     ဆက်လက်၍ မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူးမှ ပူးပေါင်းဆောင်ရွက်မှုအခြေအနေ ညှိနှိုင်းဆွေးနွေးခဲ့ပြီး မြစ်ကြီးနားမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးနန္ဒာဆွေမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦီးစီးဌာန အနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှု အခြေအနေကို တင်ပြဆွေးနွေးခဲ့၍ တက်ရောက်လာသူများမှ မေးခွန်းမေးမြန်းဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် မြို့နယ်၊ရပ်ကွက်၊ကျေးရွာတာဝန်ရှိသူများ၊ နှီးနွယ်ဌာနဆိုင်ရာများ မှ တက်ရောက်လာသူစုစုပေါင်း အင်အား (၉၀) ကျော်ပါဝင်ခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

More Tags