မြစ်ကြီးနားမြို့တွင် လိင်မှုနှင့်မျိုးဆက်ပွားမှုဆိုင်ရာ ကျန်းမာရေးနှင့်အခွင့်အရေး (SRHR) Working Group အစည်းအဝေး ကျင်းပပြုလုပ်

မြစ်ကြီးနားမြို့ ၊ ဇူလိုင်လ (၅) ရက်

     ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လိင်မှုနှင့်မျိုးဆက်ပွားမှုဆိုင်ရာ ကျန်းမာရေးနှင့်အခွင့်အရေး (SRHR) Working Group မိတ်ဖက်အဖွဲ့အစည်းများ၏ ၂၀၁၉ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာနော်ရှဲလ်ထာ က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကချင်ပြည်နယ်အတွင်း မိတ်ဖက်အဖွဲ့အစည်းများမှ (၂၅) ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

More Tags