မြစ်ကြီးနားမြို့တွင် ပြည်နယ်အဆင့် (၂)နှစ်အောက်ကလေး သူငယ်များ အစာကျွေးမွေးခြင်းနှင့် နှစ်သိမ့်ဆွေးနွေးခြင်းဆရာဖြစ်သင်တန်း ကျင်းပပြုလုပ်

မြစ်ကြီးနားမြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်

     ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်နယ်အဆင့် (၂) နှစ်အောက်ကလေးသူငယ်များ အစာကျွေးမွေးခြင်းနှင့် နှစ်သိမ့်ဆွေးနွေးခြင်းဆရာဖြစ်သင်တန်း ( State level Infant and young child feeding Counselling TOT training) ကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဠာန၊ အစည်းအဝေးခန်းမ၌ ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၁၂) ရက်နေ့မှ (၁၆) ရက်နေ့အထိ (၅) ရက်တာ ကျင်းပပြုလုပ်လျက်ရှိပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၁၂) ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ် ဒုတိယပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနော်ရှဲလ်တာ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ နေပြည်တော်မှ အမျိုးသားအဟာရ ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမြမြကျော်မှ မိတ်ဆက်စကားနှင့် သင်တန်းဆိုင်ရာများဆွေးနွေးပြောကြားသည်။

 

     ထို့နောက် သင်တန်းဖွင့်ပွဲသိုတက်ရောက်လာကြသောUNICEF, WHO နှင့် မိတ်ဖက်အဖွဲ့အစည်းများ၊သင်တန်းသား/သူများနှင့် အတူတကွ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီး ဖွင့်ပွဲအခန်းအနားကိုပြီးမြောက်ခဲ့သည်။ အဆိုပါသင်တန်းတွင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ပြည်သူ့ကျန်းမာရေး ပညာရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များ တက်ကြွစွာ တက်ရောက်လျက်ရှိပြီး သင်တန်းများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါသည်။

More Tags