မြစ်ကြီးနားမြို့တွင် “ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမှီရရှိရေး ရန်ပုံငွေ” စီမံချက် အသိပေးဆွေးနွေးပွဲနှင့် ပြည်နယ်အဆင့် အထောက်အကူပြုအဖွဲ့ အစည်းအဝေး ကျင်းပပြုလုပ်

မြစ်ကြီးနားမြို့ ၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်

  •      ၂၀၁၉ ခုနှစ် ဩဂုတ်လ (၂၀) ရက်နေ့တွင် ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တတိယထပ်ရှိ အစည်းအဝေးခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမှီရရှိရေး ရန်ပုံငွေ” (Access to Health Fund) ဖြင့် ကချင်ပြည်နယ်အတွင်း လုပ်ဆောင်မည့် ကျန်းမာရေးစီမံချက်များ အသိပေးဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီး၊ တရားသူကြီးချုပ်၏ဇနီးနှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်း၊ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနော်ရှ်တာနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ UN, INGOs and NGOs, CBO/FBOs များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
  •  
 

     ထို့နောက် ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ ပြည်နယ်အဆင့် အထောက်အပြုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ကချင်ပြည်နယ်ပြည်သူ့ကျန်းရေးဦးစီးဌာနမှ ဦးဆောင်၍ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ UNOPS မှ Programme Team Leader ဒေါက်တာ ကျော်ထင်စိုးမှ “Access to Health Fund” နှင့် စပ်လျဉ်း၍ အသိပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် “Access to Health Fund” Implementing Partners များမှ သက်ဆိုင်ရာလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကာ မနက်ပိုင်းအစီအစဉ်များကို အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။ ပြည်နယ်အဆင့် အထောက်အကူပြုအဖွဲ့ အစည်းအဝေးကို အဆိုပါနေ့ ညနေပိုင်းတွင် ပြည်နယ်အဆင့် အထောက်အကူပြုအဖွဲ့ဝင်များနှင့် ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

More Tags