မြစ်ကြီးနားမြို့တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ကျင်းပ

မြစ်ကြီးနားမြို့ ၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်

     ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ကချင်ပြည်နယ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉ ခုနှစ် ဩဂုတ်လ (၁၉) ရက်နေ့တွင် မြစ်ကြီးနားမြို့ အ.ထ.က (၁) ရှိ အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းက အဖွင့်အမှာစကား မြွတ်ကြားခဲ့ပြီး ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းက ကချင်ပြည်နယ်အတွင်း ကျောင်းကျန်းမာရေး လှုပ်ရှားမှုဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ထို့နောက် ပထမပိုင်း အစီအစဉ်အရ စနစ်တကျ လက်ဆေးနည်းသရုပ်ပြခြင်း ၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသူ/ကျောင်းသား (၁၅) ဦးကို ဆုချီးမြှင့်ခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းနှင့် ခင်းကျင်းပြသထားသည့် ပြခန်းငယ်များ ကြည့်ရှုခဲ့ပါသည်။ ဒုတိယပိုင်းတွင် သွားကျန်းမာရေးဆိုင်ရာ အမေးအဖြေပြုလုပ်၍ ဆုချီးမြှင့်ခြင်း၊ သွားကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ သရုပ်ပြခြင်းနှင့် ကျောင်းသား/သူများမှ သရုပ်ဖော်ကပြခြင်း၊ ပြည်နယ် အားကစားဌာနမှ ကိုယ်လက်လှုပ်ရှား သရုပ်ပြခြင်းများ ၊ အာဟာရပြည့်ဝစွာချက်ပြုတ်နည်း သရုပ်ပြခြင်းများ စသည်ဖြင့် ဝေဝေဆာဆာ စီစဉ်ကျင်းပခဲ့ပါသည်။

More Tags