မြစ်ကြီးနားမြို့တွင် Training on Infection Control at ART Sites in Kachin State သင်တန်း ပြုလုပ်ကျင်းပ

မြစ်ကြီးနားမြို့ ၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်

     ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် ပြည်နယ်ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးဌာနမှ ဦးဆောင်၍ Access to Health ရန်ပုံငွေ ပံ့ပိုးမှုဖြင့် Training on Infection Control at ART Sites in Kachin State သင်တန်းကို ၂၀၁၉ခုနှစ် စက်တင်ဘာလ (၁၂) ရက် မှ (၁၃) ရက်နေ့အထိ ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကချင်ပြည်နယ်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းမှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ကချင်ပြည်နယ်အတွင်းရှိ ART ဆေးရုံများမှ ART focal nurses နှင့် ဓာတ်ခွဲဝန်ထမ်းများ စုစုပေါင်း သင်တန်းသား (၃၅) ဦး တက်ရောက်လျက်ရှိပါသည်။

More Tags