မြစ်ကြီးနားမြို့တွင် “State Health Working Group” လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ

မြစ်ကြီးနားမြို့၊ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ (၉) ရက်

     ကချင်ပြည်နယ်ကျန်းမာရေးလုပ်ငန်းအဖွဲ့ “State Health Working Group”(ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တတိယထပ်ရှိ အစည်းအဝေးခန်းမတွင် ၂၀၁၉ ခုနှစ် ဩဂုတ်လ (၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ပြည်နယ်ကျန်းမာရေးလုပ်ငန်းအဖွဲ့၏နာယက ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနေဝင်း တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်း၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနော်ရှ်တာ၊ ပြည်နယ်အစားသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင်ထွန်းဉီး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဌာန ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဉက္ကဌ၊ အမျိုးသမီးရေးရာမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး/ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ UN, INGOs and NGOs, CBO/FBOs များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 

     ထို့နောက် ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ ပြည်နယ်/မြို့နယ်ကျန်းမာရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ၊ State Health Plan နှင့် Inclusive Township Health Plan (iTHP) များရေးဆွဲအကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍တက်ရောက်လာသည့် မြို့နယ်များမှ မြို့နယ်ကျန်းမာရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ iTHP ရေးဆွဲ အကောင်အထည်ဖော်ခြင်း စသည့်လုပ်ငန်းတာဝန်များ လုပ်ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်ရမည့် အချက်များ၊ ကြုံတွေ့နိုင်မည့်အခက်အခဲများ၊ ဖြေရှင်းနည်းများကို အုပ်စုဖွဲ့၍ တက်ကြွစွာဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ်ကျန်းမာရေးလုပ်ငန်းအဖွဲ့ဥက္ကဌ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာအေးသိန်းမှ ဖြည့်စွက်ဆွေးနွေးအကြံပြုပေးခဲ့ပါသည်။

     ညနေပိုင်းအစီအစဉ်များတွင် Kachin Health Cluster Coordination အနေဖြင့် တက်ရောက်လာသည့် မိတ်ဖက်အဖွဲ့အစည်းများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ တင်ပြဆွေးနွေးခြင်း၊ Common Reporting Form ဆွေးနွေးအတည်ပြုခြင်း၊ ကချင်ပြည်နယ်အတွင်းရှိ ယာယီခိုလှုံစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်နေမှုအခြေအနေနှင့် လိုအပ်ချက်များ ပူးပေါင်းဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ပါသည်။

More Tags