မြစ်ကြီးနားမြို့တွင် “Advocacy and Training on Health Sector Response for Gender Based Violence (GBV) Survivors” သင်တန်း ပြုလုပ်ကျင်းပ

မြစ်ကြီးနားမြို့၊ မေလ (၂၀) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲနှင့် ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ UNFPA နှင့် AFXB တို့၏ ပံ့ပိုးကူညီမှုဖြင့် ဗန်းမော်ခရိုင်နှင့် ပူတာအိုခရိုင်အတွင်းရှိ ဆေးရုံများ/ကျန်းမာရေးဌာနများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ဆရာဝန်၊ သူနာပြုဆရာမ များအတွက် “Advocacy and Training on Health Sector Response for Gender Based Violence (GBV) Survivors”သင်တန်းကို မြစ်ကြီးနားမြို့ရှိ Cartel Hotel တွင် ၂၀၁၉ ခုနှစ်၊ မေလ (၂၀) ရက်မှ (၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်လျက် ရှိပါသည်။

     သင်တန်းပထမနေ့ ဖွင့်ပွဲအခမ်းအနားတွင် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နေပြည်တော်၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲမှ တာဝန်ရှိသူများမှ ကျား/မ အခြေပြုအကြမ်းဖက်မှု (GBV) ဖြစ်ပွားမှုအခြေအနေ၊ “Guideline for Health Care Response for GBV Survivors” မိတ်ဆက်ခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပါသည်။

 

     အဆိုပါသင်တန်းတွင် သင်တန်းသား/သူပေါင်း (၃၅) ဦးတက်ရောက်လျက်ရှိပြီး Basic Concept of GBV ၊ First-line support for GBV survivor၊ ၊ Care for physical health after sexual assault ၊ Mental Health Psycho-social Support ၊ Collecting medico legal evidence အစရှိသည့် အပြန်အလှန် ဆွေးနွေးပို့ချပေးသွားမည် ဖြစ်ပါသည်။၂၀၁၈ ခုနှစ်အတွင်း အဆိုပါသင်တန်းကို မြစ်ကြီးနားခရိုင်နှင့် ဗန်းမော်ခရိုင်အတွက် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သဖြင့် ယခုသင်တန်းပြီးဆုံးပါက ကချင်ပြည်နယ်အတွင်းရှိ ခရိုင်များအားလုံးကို လွှမ်းခြုံ နိုင်ခဲ့ပြီ ဖြစ်ပါသည်။

More Tags