မိုင်းယောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုများ အကောင်အထည်ဖော်ဆောင်ရွက်

မိုင်းယောင်းမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်

     ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့တွင် (၁၆.၈.၁၉) ရက်နေ့ နံနက် (၉:၃၀) အချိန်၌မိုင်းယောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တပ်နယ်အတွင်းရှိ တပ်တွင်း အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းကျန်းမာရေးလှုပ်ရှားမှု၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာမင်းသိန်းမှ ကူးစက်မြန်ရာသီတုပ်ကွေးရောဂါ (H1N1) အကြောင်း၊ သွားကျန်းမာရေးဆရာဝန် ဒေါက်တာစိုင်းဆိုင်ဟိန်းမှ နည်းစနစ်မှန် သွားတိုက်ခြင်းအကြောင်း၊ ကျန်းမာရေးမှူးအဆင့် (၁) ဦးမြတ်စိုးအောင်မှ သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းနွဲ့မှ လက်ဆေးခြင်းနည်းစနစ်နှင့်ပတ်သက်ပြီး ကျန်းမာရေး ပညာပေး ဟောပြောခဲ့ပါသည်။

 

     မူလတန်းကလေးငယ်များအား အခြေခံမျက်စိစမ်းသပ်စစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါနှင့် အထွေထွေရောဂါများကို စမ်းသပ်စစ်ဆေးပေးခြင်း စသည့်ကျန်းမာရေး စောင့်ရှောက်မှုများပေးခဲ့ပါသည်။ ထို့နောက် ကျောင်းအခြေ ပြုသွေးလွန်တုပ်ကွေးရောဂါ တားဆီးကာကွယ်တတ်စေရန်နှင့် ရပ်ရွာတွင်လည်းဦးဆောင်တတ်စေရန် ကျောင်းဝန်းအတွင်း သို့လှည့်လည်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တာဆီးရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို အတန်းခေါင်းဆောင် ကျောင်းသားလုပ်ငန်းများနှင့် ပူးပေါင်းပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ ဦးဆောင်ကာ စုပေါင်းဆောင်ရွက်ခဲ့ပါသည်။

More Tags