မိုင်းယောင်းမြို့တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနား ကျင်းပ

မိုင်းယောင်းမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်

     (၁၉.၈.၁၉) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၊ ရပ်ကွက် (၈) အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးပြီး ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအကြောင်း ပြောကြားကာ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်နန်းနွဲ့မှ မိခင်နို့တိုက်ကျွေးရေးအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပါသည်။

 

     ပြည်နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ အစိုးရမဟုတ်သောမိတ်ဖက်လူမှုအဖွဲ့ အစည်းများမှ စံပြမိခင်ဆုများချီးမြှင့်ခြင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအားသံဓာတ်နှင့် ဘီဝမ်းဆေးပြားများ၊ အိုင်အိုဒင်းဆားနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် ၅ နှစ်အောက်ကလေးငယ်များအား ဘီတာမင်အေဆေးများ တိုက်ကျွေးပေးပြီး အာဟာရဉာဏ်စမ်းအမေးအဖြေပြုလုပ်ကာ ဆုရရှိသူများအားဆုများ ချီးမြှင့်ပေးခဲ့ပါသည်။ ထို့နောက်ဖိတ်ကြားထားသူများအား ရှမ်းခေါက်ဆွဲဖြင့် ကျွေးမွေးဧည့်ခံခဲ့ပြီး အဆိုပါအခမ်းအနားကို ဌာနဆိုင်ရာများနှင့် ဧည့်ပရိသတ်စုစုပေါင်း (၁၁၅) ဦးတက်ရောက်ခဲ့ပါသည်။

More Tags