မြောင်မြို့နယ်ရှိ ကျေးရွာများသို့ တီဘီရောဂါ နယ်လှည့်ကွင်းဆင်းရှာဖွေခြင်း လုပ်ငန်းဆောင်ရွက်

မြောင်မြို့၊ ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်

စစ်ကိုင်းတိုင်းဒေသကြီး တီဘီရောဂါ တိုက်ဖျက်ရေးဌာနနှင့် မြောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၄.၁၁.၂၀၁၉) ရက်နေ့မှ (၈.၁၁.၂၀၁၉) ရက်နေ့ထိ မြောင်မြို့နယ်အတွင်းရှိ ရွှေဘုံသာရွာ၊ ရသစ်ရွာ၊ ရွာပုလဲရွာ၊ အုတ်နှဲဘုတ်ရွာနှင့် မြစ်ရွာများသို့ ကျေးရွာပေါင်း (၈၂) ရွာနှင့် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် လူဦးရေပေါင်း (၁၁၃၄၁၈) ဦးကို လွှမ်းခြုံကာ (၅)ရက်ကြာကွင်းဆင်း ဆောင်ရွက်နိုင်ခဲ့ပါသည်။


     စုစုပေါင်း ကျန်းမာရေး စောင့်ရှောက်မှုခံယူသူ (၈၉၂)ဦး အနက်မှ   (၈၁၇)ဦး ကို ဓါတ်မှန်ရိုက်စစ်ဆေးပြီး (၁၆၁)ဦးကို သလိပ်စစ်ဆေးပေးခဲ့ရာ သလိပ်ပိုးတွေ့လူနာ(၉)ဦး အပါအဝင်  တီဘီလူနာစုစုပေါင်း (၂၀)ဦး ကိုရှာဖွေကုသပေးခဲ့ပြီး သက်ဆိုင်ရာ အခြေခံကျန်းမာရေး ပညာရှင်များနှင့် ချိတ်ဆက်၍ တီဘီဆေးကုသမှုခံယူနိုင်ရန် စီစဉ်ပေးခြင်း အခမဲ့ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း သွေးတိုး ၊ ဆီးချို နှင့် HIV စစ်ဆေးပေးခြင်းများ ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

More Tags