မိုင်းဖြတ်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်၌ ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေး (ROTAVIRUS VACCINE) နှင့် ဆုံဆို့/မေးခိုင်ကာကွယ်ဆေး စတုတ္ထအကြိမ် ( PENTA 4)စတင်ထည့်သွင်းထိုးနှံ/တိုက်ကျွေးခြင်း မြို့နယ်အဆင့်သင်တန်း ကျင်းပပြုလုပ်

မိုင်းဖြတ်မြို့၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်

     မိုင်းဖြတ်မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပုံမှန်ကာကွယ်ဆေးထိုး/ တိုက်အစီအစဉ်၌ ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေး (ROTAVIRUS VACCINE) နှင့် ဆုံဆို့/မေးခိုင်ကာကွယ်ဆေး စတုတ္ထအကြိမ် (PENTA 4) စတင်ထည့်သွင်းထိုးနှံ/တိုက်ကျွေးခြင်း မြို့နယ်အဆင့်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မိုင်းဖြတ်မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ အဖွင့်မှာစကားပြောကြားခဲ့ပြီး အခြေခံကျန်းမာရေးဝန်ထမ်းများအားလုံး တက်ရောက်ခဲ့ကြပါသည်။

More Tags