မိခင်သေဆုံးမှုစိစစ်တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်း (၂၀၁၈) ဆန်းစစ်ဆွေးနွေးခြင်း ကျင်းပပြုလုပ်

ထားဝယ်မြို့၊ ဇန်နဝါရီလ(၁၈)ရက်

     တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့နယ်များတွင် (၂၀၁၈)ခုနှစ်အတွင်း သေဆုံးခဲ့သော မိခင်သေဆုံးမှု စိစစ်တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲကို ဇန်နဝါရီလ(၁၇)ရက်နေ့တွင် ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်း၊ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်၊ အထူးကုဆရာဝန်ကြီး (ဆေးပညာ)၊ အထူးကုဆရာဝန် (သားဖွားမီးယပ်)၊ အထူးကုဆရာဝန်(ရောဂါဗေဒ)နှင့် အထူးကုဆရာဝန်(မှုခင်းဆေးပညာ) လက်ထောက်ညွှန်ကြားရေးမှူး (မိခင်ကလေး/ကျောင်းကျန်းမာ/အာဟာရ)၊ လက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု)တို့ တက်ရောက်ခဲ့ကြပြီး မိခင်သေဆုံးရသည့် အကြောင်းအရင်းများ၊ နှောင့်နှေးခြင်းအကြောင်းအရင်းများ၊ တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

More Tags